ထန်းတပင် (ပဲခူး) မေ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ အလယ်မြောင် - ကျောက်ကြီး -စစ်တောင်း -မုပ္ပလင်လမ်း ကတ္တရာလမ်းချဲ့ထွင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။
အဆိုပါ လမ်းပိုင်းခင်းခြင်းလုပ်ငန်းအတွက် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ၁ မိုင် ၆ ဖာလုံအတွက် ၁၈ပေ အကျယ် ကတ္တာရာလမ်းချဲ့ခြင်းအတွက် ကုန်ကျမှု ၂၃၃ သန်း၊ ၆ ဖာလုံအတွက် ၃၄ ပေအကျယ် မြေသား တာဘောင်ဖို့ခြင်း အတွက် ကုန်ကျမှု ၄၇ ဒသမ ၉၁၀ သန်း အကုန်ကျခံကာ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လမ်းဦးစီးဌာန ဦးစီးမှူးထံမှ သိရသည်။
၄င်းလမ်းပိုင်းချဲ့ထွင် ဆောင်ရွက်ခြင်းကို မေလဆန်းပိုင်းမှ စတင်ဆောင်ရွက်ကာ ယခုအခါ ၃၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကာ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)