သုံးခွမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ အ၀တ်လျှော်ဆပ်ပြာချက် လုပ်နည်း သင်တန်းဆင်းပွဲကျင်းပ

သုံးခွ မေ ၁၄

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် အမှတ် ၈ရပ်ကွက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျေးလက်နေပြည်သူများအလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု  အဝတ်လျှော်ဆပ်ပြာချက်လုပ်နည်း သင်တန်းဆင်းပွဲကို‌ ယ‌နေ့နံနက် ၁၀နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူး ဦးဇော်လင်းနိုင် က သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ထို့နောက် သင်တန်းသူများ လက်တွေ့လုပ်‌ဆောင်ထားသည့် အဝတ်‌လျှော်  ဆပ်ပြာများအား သင်တန်းဆရာများနှင့် တာ၀န်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါသင်တန်းတွင် အဝတ်‌လျှော်ဆပ်ပြာပြုလုပ်ပုံ ပြုလုပ်နည်း အဆင့်ဆင့် နည်းပညာများကို သင်တန်းနည်းပြဆရာများက လေးရက်ကြာ စာတွေ့ လက်တွေ့ သင်တန်းဖွင့်လှစ်ခဲ့ပို့ချခဲ့ပြီး သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

စည်သူလင်း ပြန်/ဆက်