ကျောက်ကြီး မေ ၁၅
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ကုန်ကျောင်းပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီး ကျောင်း၌ ယမန်နေ့ နေ့လည် ၁၂ အချိန်တွင် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တစန္ဒိမာနှင့် မြို့နယ်သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ပြီး ပါဠိပထမပြန်စာမေးပွဲ ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ကြောင်းသိရသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကျင်းပမည့် ၂၀၂၁ခုနှစ် ဓမ္မာစရိယစာမေးပွဲ နှင့်ပါဠိပထမပြန်စာမေးပွဲ အကြီးတန်း၊အလတ်တန်း၊အငယ်တန်း၊မူလတန်းအဆင့် အချိန်စာရင်းတို့ကိုမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက်ရှိ ဆရာတော်ကြီးများထံသို့ ဆက်လက်ဖြန့်ဝေရန်နှင့် သတ်မှတ် ရက်အတွင်း စာမေးပွဲကျင်း ပနိုင်ရန် ကျောက်ကြီးမြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းပေါင်း(၁၃၂)ကျောင်းရှိ စာဖြေသံဃာ(၃၂)ပါးရှိပြီး ၂၀၂၁ခုနှစ် ဇွန်လ ၇ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်တွင် ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်းသိရသည်။
K ခိုင်ပြန်/ဆက်