ကျောက်ကြီးမြို့နယ်   ငထွေစုပ်ကျေးရွာ တိုက်နယ်ဆေးရုံပြီးစီးမှု အခြေအနေအား မြို့နယ်တာဝန် ရှိသူများကြည့်ရှုစစ်ဆေး

ကျောက်ကြီး မေ ၁၅ 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ငထွေစုပ်ကျေးရွာအုပ်စုရှိ တိုက်နယ်ဆေးရုံ တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် ဆေးရုံအမြန်ဆုံး ဖွင့်လှစ်နိုင်ရေးအတွက် ယမန်နေ့ နံနက် (၈:၀၀) နာရီအချိန်က မြို့နယ်တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့​ကြောင်း သိရသည်။ 

ငထွေစုပ်ကျေးရွာတွင် တည်ဆောက်နေသော တိုက်နယ်ဆေးရုံသည်  ၁၆ ကုတင်ဆံ့ဆေးရုံဖြစ်ပြီး ၂၀၁၇ ခုနှစ် မေလမှ စတင်၍ တည်ဆောက်ခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လ၌ တည်ဆောက်ပြီးစီးမှုကို အပ်နှံခဲ့သော်လည်း ကျန်းမာရေးဌာနမှ ဆေးရုံဖွင့်လှစ်နိုင်ခြင်းမရှိခဲ့၍ ဒေသခံပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု အခက်အခဲများရှိသဖြင့် တိုက်နယ်ဆေးရုံ အမြန်ဆုံးဖွင့်လှစ်မှသာ ဒေသခံပြည်သူများနှင့်အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာပြည်သူများပါ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်မည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြောကြားခဲ့ပြီး ငထွေစုပ်ကျေးရွာတိုက်နယ် ဆေးရုံတည်ဆောက်ပြီးစီးမှု အခြေအနေနှင့် ဆေးရုံ အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြောင်းသိရသည်။ 

K ခိုင်ပြန်/ဆက်