မိုင်းရယ် မတ် ၂၉
မိုင်းရယ်မြို့နယ်အနေဖြင့် ကူးစက်မြန် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီက မိုင်းရယ်မြို့မဈေးကြီးအတွင်း ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း ပြုလုပ်သည်။
လူစုလူဝေးများ သွားလာနိုင်သည့် နေရာများဖြစ်သည့် မိုင်းရယ်မြို့မဈေးကြီးအတွင်း လက်ဆေးကန်များထားရှိခြင်း၊ ဆေးဖျန်းခြင်းများကိုလည်း မြို့နယ်စည်ပင်သာယာရေး ကော်မတီက ပြုလုပ်ပေးလျက်ရှိကြောင်းသိရှိရသည်။
ခင်မာလာ (ပြန်/ဆက်)