အိမ်မဲ မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်အတွင်း ကျောင်းသား/သူ ကလေးသူငယ် များ ယဉ်ကျေးလိမ္မာစေရန် ယဉ်ကျေးလိမ္မာ သင်တန်းများကို မေလ (၁၃) ရက်နေ့က ဖွင့်လှစ် သင်ကြားခဲ့ကြောင်း သိရသည်။
ယဉ်ကျေးလိမ္မာ သင်တန်းများကို အိမ်မဲမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် စင်တာ(၅)နေရာခွဲ၍ စင်တာ(၁)ခုလျှင် ကျောင်းသား/သူ(၃၀)ဦး ခန့်ကို သက်ဆိုင်ရာ ဆရာ/မများက သင်ကြားပို့ချနေကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ယဥ်ကျေးလိမ္မာသင်ခန်းစာ (ယဥ်ကျေးမှုကျင့်ဝတ်ဘာသာရပ်) စာအုပ်မှ ဗုဒ္ဓဝင်အကျဉ်း၊ ရတနာမြတ်သုံးပါး ဂုဏ်တော်ပါဠိအနက်၊ ယဉ်ကျေးခြင်း၊ ယဉ်ကျေးလိမ္မာ ဆုံးမစာ အစရှိသည်တို့ကို မေလ ၂၀ ရက်နေ့အထိသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)