ပဲခူး မေ ၁၅
ပဲခူးမြို့တွင် တိုင်းဒေသကြီး/ခရိုင်၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပူးပေါင်း၍ နွေရာသီအားကစားသင်တန်းကို (၁၆.၅.၂၀၂၁)ရက်နေ့မှ (၁၆.၆.၂၀၂၁)ရက်နေ့အထိ နေ့စဉ်နံနက်(၉)နာရီမှ (၁၀:၃၀)နာရီအထိ ညနေ(၂:၃၀)မှ((၄:၀၀)နာရီအထိ အားကစားနည်း(၁၀)မျိုးအား တိုင်းဒေသကြီးအားကစားရုံ တွင်သင်ကြားပေးသွားမည်ဖြစ်သည်။
အဆိုပါအားကစားနည်း(၁၀)မျိုးမှာ တင်းနစ်၊ ပိုက်ကျော်ခြင်း၊ ဘောလုံး၊ အေရိုးဗစ်/Fitness Dance ၊ ကရာတေးဒိုး၊ ကြက်တောင်၊ စစ်တုရင်၊ စားပွဲတင် တင်းနစ်၊ဘတ်စကက်ဘော၊ မြန်မာ့သိုင်းတို့ဖြစ်သည်။ နွေရာသီအားကစားသင်တန်း တက်ရောက်ရန်စိတ်ပါဝင်စားသည့် လူငယ်လူရွယ်များ မိဘပြည်သူများအနေဖြင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနသို့ ဆက်သွယ်၍ သင်တန်းသားစာရင်း ပေးသွင်းနိုင်ကြောင်းနှင့် အားကစားနည်း(၁၀)မျိုးတွင် ပိုက်ကျော်ခြင်း၊ အေရိုးဗစ်/Fitness Dance ကရာတေးဒိုး၊ ကြက်တောင်၊ စားပွဲတင် တင်းနစ်၊ဘတ်စကက်ဘော၊ မြန်မာ့သိုင်းအားကစားနည်းများကို တိုင်းဒေသကြီးအားကစားရုံတွင်လည်းကောင်း တင်းနစ်အားကစား နည်းကို ဟင်္သာတင်းနစ်ကွင်းလည်းကောင်း၊ ဘောလုံးအားကနည်းကိုဉဿာမြို့သစ်ကွင်းတင် လည်းကောင်း၊ သစစ်တုရင် အားကစားနည်းကို စစ်တုရင်ကလပ်တွင်လည်းကောင်း သင်ကြားပေးသွားမည် ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရှိရသည်။
ပဲခူးခရိုင်(ပြန်/ဆက်)