သိန္နီမြို့နယ်တွင် ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စစ်ဆေးရေး ကတ်ပြား ဆောင်ရွက်ပေး

 

သိန္နီ    မေ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)  ၊ လားရှိုးခရိုင် ၊ သိန္နီမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ သိန္နီမြို့နယ်ဦးစီးဌာနမှူးရုံးတွင် ယနေ့ နံနက်မှစ၍ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စစ်ဆေးရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် သိန္နီမြို့နယ် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေလင်းထွန်းနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် သိန္နီမြို့နယ် မိုင်းယန်းကျေးရွာ အုပ်စုအတွင်းရှိ ရွာ(၄)ရွာမှ   အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစစ်ဆေးရေး ကတ်ပြား ဆောင်ရွက်လိုသူများ အတွက် ပြုလုပ်ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် ကျန်ရှိနေသော သိန္နီမြို့နယ်အတွင်းရှိ ကျေးရွာများရှိ ပြည်သူများအား ဆက်လက်ဆောင်ရွက်ပေးသွာမည် ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ထွန်း ထံမှ သိရသည်။

ညီညီပိုင်စိုး (ပြန်/ဆက်)