ဘုရားသုံးဆူ​မြို့တွင် အသက်၈၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင်ထောက်ပံ့ ပေးအပ်

 

 

ဘုရားသုံးဆူ မေ  ၁၅

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် (၂၀၂၀-၂၀၂၁)ခု၊ ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ် (ဇန်နဝါရီ၊ဖေဖော်ဝါရီ၊မတ်)လအတွက် အသက် ၈၅နှစ်နှင့်အထက်သက်ကြီး ဘိုးဘွားများအားလူမှုရေးပင်စင် တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် သက်ကြီးဘိုးဘွား(၂၃၄)ဦးတို့အား ယနေ့နံနက်ပိုင်းက ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေများကို ဘုရားသုံးဆူမြို့ အုပ်ချုပ်ရေးမှူးဦးဇော်မိုးမှ မြို့ပေါ်ရပ် ကွက်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများထံလွှဲပြောင်းပေးအပ်ခဲ့ပြီး ဘုရားသုံးဆူမြို့ပေါ်နှင့်ကျေးရွာအုပ် ချုပ်ရေးမှူးများက မိမိတို့မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင်နေထိုင်သည့် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၂၃၄)ဦးအားတစ်ဦး လျှင်ငွေကျပ်(၃)သောင်းနှုန်းဖြင့်အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများပေး

အပ်ခဲ့သည်။

 

ဘုရားသုံးဆူ (ပြန်/ဆက်)