မင်းလှမြို့၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်‌ပေးခြင်း "ပန်းခင်း "စီမံချက်သင်တန်းဖွင့်လှစ်

အထက်မင်းလှ        မေ  ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြား‌မရှိသူများနှင့် ရွှေ့ပြောင်းလုပ်သားများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနိုင်ရေးအတွက်" ပန်းခင်း" စီမံချက်သင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲ ကမင်းလှမြို့နယ် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံး၌ ကျင်းပ ပြုလုပ်ခဲ့သည်။

သင်တန်းပို့ချရာတွင် သရက်ခရိုင် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်မြင့်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရှေ့ လုပ်ငန်းစဉ်(၅)ရပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်နှင့် "ပန်းခင်း"စီမံချက်အား ရှင်းလင်းပို့ချခဲ့ပြီး၊ မင်းလှမြို့နယ် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဆိုင်ရာ ဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးစန်းမင်းက ၁၉၈၂ခုနှစ်မြန်မာနိုင်ငံဥပဒေပုဒ်(၅)၊ပုဒ်မ(၆)၊ ပုဒ်မ(၇)များကို ရှင်းလင်း ပို့ချခြင်း၊ ဆင်ပေါင်ဝဲမြို့နယ်အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှမြို့နယ် ဦးစီးမှူး ဦးသိန်းလွင် က ဝန်ထမ်းကျင့်ဝတ်၊ နိုင်ငံခြားသားထိန်းသိမ်း ရေးများအား ရှင်းလင်းပို့ချပေးခဲ့သည်။

အဆိုပါ အိမ်ထောင်စုလူဦး ရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးခြင်း "ပန်းခင်း" စီမံချက်သင်တန်းကို မင်းလှမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှဝန်ထမ်း (၂၀)ဦး အား မေ ၁၅ ရက်နေ့ နံနက် ၉နာရီခွဲမှ   ညနေ ၃ နာရီအထိ စာတွေ့လက်တွေ့သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)