မဘိမ်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ကျေးရွာများသို့ ရန်ပုံငွေလွှဲပြေင်းပေးအပ်

မဘိမ်း     ဩဂုတ်     ၇  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) စီမံကိန်းကျေးရွာ များသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့က ခိုတာကျေးရွာ၊ ဘက်စုံသုံးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုင်းတင်ထွန်းဦးက ကျေး ရွာမတည်ရန်ပုံငွေများကို နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ကို အထောက်အကူ ပြုစေရန်၊ လုပ်ကွက်ငယ်တောင်သူများ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် လိုအပ်သောငွေကြေး အရင်းအနှီးများ ရရှိစေရန်၊ တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာပိုင်ဆိုင်သော မတည်ရန်ပုံငွေထူ ထောင်၍ စဉ်ဆက်မပြတ် ငွေကြေးအရင်းအမြစ်ရရှိရေး ဆောင်ရွက်နိုင်စေရန်တို့အတွက် ရည်ရွယ်ချက်ဖြင့် ကျေးရွာမတည် ရန်ပုံငွေများကို ကျေးရွာကော်မတီများထံ လက်ဝယ်အရောက်ပေးအပ်ရ ခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မဘိမ်းမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ခိုတာ ကျေးရွာအတွက် ရန်ပုံငွေကျပ်သိန်း(၂၀၀)အား ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညိုမှ ကျေးရွာကော်မတီထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျေးရွာ မတည်ရန်ပုံ ငွေစီမံကိန်း(VRFP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ပင်ကြိမ် (ဟောင်း) ကျေးရွာအတွက် ရန်ပုံငွေကျပ်သိန်း(၂၀၀)နှင့် မယ်ဇလီကျေးရွာအတွက် ရန်ပုံငွေကျပ်သိန်း (၃၀၀) တို့ကို တာဝန်ရှိသူများက သက်ဆိုင်ရာ ကျေးရွာ ကော်မတီများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)