ပင်းတယ မေ ၁၅
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အမျိုးသားအဆင့် ဘောလုံးအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားဘောလုံးအသင်း (U-21)အား ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်ခြင်းနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးဇော်မှ ပြိုင်ပွဲဝင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှု လူရွေးချယ်ထားရှိမှုနှင့် လေ့ကျင့်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအာကာလင်းမှ ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ရာတွင် သန့်ရှင်းစွာ ယှဉ်ပြိုင်၍ ဒေသဂုဏ်သိက္ခာမြှင့်တင်ရန် မှာကြားခဲ့ပြီး ဘောလုံးအားကစားပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားဘောလုံးအသင်း (U-21) အား ဂုဏ်ပြု ထောက်ပံ့ငွေပေးအပ်ခဲ့သည်။
မေလ(၁၆)ရက်နေ့မှ (၃၀)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဖလား အမျိုးသားအဆင့်ဘောလုံး အားကစား ပြိုင်ပွဲသို့နည်းပြ (၃)ဦးခေါင်းဆောင်၍ ပင်းတယနှင့်ရွာငံ မြို့နယ်တို့မှ ဒေသခံအားကစားသမား ၁၈ ဦးတို့က သွား ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်းလည်း သိရသည်။
ပင်းတယ(ပြန်/ဆက်)