အိမ်မဲ မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုထာန (Community Centre) ခန်းမတွင် စာရေးဆရာအောင်သင်း၏ "ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ပြန်/ဆက် ဦးစီးမှူးဒေါ်ဌေးဌေးလှိုင်က စာဖတ်ခြင်းကြောင့် ရရှိလာသော အကျိုးကျေးဇူးများနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်းအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီးမြို့နယ်ဦးစီးမှူးက စာရေးဆရာအောင်သင်း၏ "ရည်မှန်းချက်နှင့်ပြဿနာ အထွေထွေ" စာအုပ်မှ “ရည်မှန်းချက်ဆိုတာဘာလဲ” ခေါင်းစဉ်ဖြင့်လည်းကောင်း Book Club အတွင်းရေးမှူး နွေနှောင်း(အိမ်မဲ)က အတွေးအခေါ်ကြောင့်ဘဝကိုပြောင်းလဲမှု ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Youth Club အဖွဲ့ဝင် မဧပရယ်ထူးလွင်က “ဗေဒင်နှင့်ဘဝရည်မှန်းချက်” ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းကို မြို့နယ်ပြန်/ဆက်ဦးစီးဌာန Book Club အဖွဲ့နှင့် Youth Club အဖွဲ့တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး တက်ရောက်လာသည့်စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များက စာဖတ်ဝိုင်းပြုလုပ်သည့်စာအုပ်မှ အကြောင်းအရာများ၊ မိမိတို့ထင်မြင်ယူဆချက်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)