မကွေး မေ ၁၆
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE မှ တာဝန်ရှိသူများ၊ ရေနံမြေတာဝန်ခံများ တွေ့ဆုံညှိနှိုင်း အခမ်းအနားကို မေလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီက တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးမင်းဦး၊ အဖွဲ့ဝင် (၃) ဦးစိုင်းမြင့်အေးနှင့် အဖွဲ့ဝင်(၅) ရဲမှူးကြီးလှိုင်တင့်တို့က မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြသည်။
ဆက်လက်ပြီး မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE မှ တာဝန်ရှိသူများနှင့် မန်းရေ နံမြေ၊ ထောက်ရှာပင်-ထန်းကိုင်း-ရေနံမ၊ ရေနံချောင်း၊ ချောက်၊ ကျောက်ခွက်-လက်ပံတိုနှင့် သာကြီး တောင် - စပယ်ရေနံမြေတို့မှ ရေနံမြေတာဝန်ခံများက လုပ်ငန်းလည်ပတ်မှု အခြေအနေ လုံခြုံရေးဆောင်ရွက်မှု၊ ဝန်ထမ်းများပြန်လည်ဝင်ရောက်မှု၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်နိုင်မှု အခြေအနေများနှင့် လုပ်ငန်းခွင်အတွင်း အခက်အခဲများ၊ လိုအပ်ချက်များနှင့် ပတ်သက်၍ တင်ပြဆွေးနွေး တင်ပြခဲ့ကြပြီး၊ ဆွေးနွေးတင်ပြခဲ့မှုများအပေါ် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးကာ လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မောင်ညီညာ