လင်းခေးတွင် ပန်းခင်းစီမံချက် အိမ်ထောင်စုဇယားများနှင့် နိုင်ငံသားကတ်ပြားများ ထုတ်ပေး သည့် အခမ်းအနားကျင်းပ

လင်းခေး မေ ၁၆

ပန်းခင်းစီမံချက်အရ ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ဝမ်ဟတ် ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများအား အိမ်ထောင်စုဇယားများနှင့် နိုင်ငံသား ကတ်ပြားများ ပေးအပ်သည့် အခမ်းအနားကို ဝမ်ဟတ်တိုက်နယ် ဝမ်ဟတ်ဌာနေပြည်သူ့စစ်ဌာနချုပ်ရှိ ခန်းမ၌ မေ ၁၄ ရက်နေ့နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေသခံတိုင်းရင်းသား ပြည်သူများထံ အိမ်ထောင်စုဇယား (၇ဝ)၊ နိုင်ငံသားကတ်ပြား (၉ဝ) ကတ်တို့ကို စစ်ဗျူဟာအဖွဲ့ (အခြေချ) (လင်းခေး) မှ စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဝင်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ဇော်၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး စိုးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ ယာယီခရိုင်မှူး ဒေါ်တင်မိုးဆ (လက်ထောက်ညွှန်ကြားရေးမှူး)၊ မြို့နယ် (လဝက) ဦးစီးမှူးဦးထွန်းလှကျော် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး လှိုင်ဦးတို့က ကျေးရွာပြည်သူလူထုများကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူးများ လက်ဝယ် အရောက် ပေးအပ်ခဲ့ကြပါသည်။

 အခမ်းအနားသို့ ဖိတ်ကြားထားသည့် အကြီးအကဲများ၊ ပြည်သူ့စစ်ခေါင်းဆောင်ဦးစိုင်းစံမြ၊ ဝမ်ဟတ် တိုက်နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ကျေးရွာပြည်သူလူထုနှင့် ခရိုင်/မြို့နယ် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း အင်အား (၇ဝ) ဦးတို့ တက်ရောက်ခဲ့ကြပြီး၊ ပေးအပ်ပွဲအခမ်းအနား၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးတင့်ဇော်က အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး ကျေးရွာအုပ်စုပြည်သူများ၏ ကိုယ်စား ဝမ်ဟတ်ကျေးရွာအုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

စိုင်းဇော်လတ်(လင်းခေး)