တန့်ယန်းမြို့နယ်တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်လှူဒါန်းပွဲကျင်းပ

တန့်ယန်း  မေ  ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းခဲ့သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၂) ပါးနှင့် သီလရှင်ဆရာကြီး (၁) ပါးတို့အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲနှင့် ၂၀၂၀-ပြည့်နှစ် သာသနဓဇဓမ္မာ စရိယဘွဲ့ရ (၂၂) ပါးတို့အား ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်း မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မဟာမြတ်မုနိဘုရားကြီး၌ ကျင်းပသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် ဇိနမာရ်အောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာသာမိထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ကိုင်းကုန်း ပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တကုသလ(အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ)နှင့် မြို့နယ်သံဃ နာယကအဖွဲ့ ဥက္ကဋ္ဌ မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောလိယတို့ထံမှ သြဝါဒခံယူ ကာ စစ်ဗျူဟာအဖွဲ့ (အခြေချ) (တန့်ယန်း)မှ စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီးခွန်အောင်သွင်နှင့် တပ်နယ်မှ အရာရှိကြီးများ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထွန်းနှင့် တာဝန်ရှိ သူများက လှူဒါန်းဖွယ်ရာများကို ဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းခဲ့သော သာသနာတော်ဆိုင်ရာ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ (၁/၂၀၂၀) ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၁) ပါး၊ ဂန္တဝါစကပဏ္ဍိတ(၁/၂၀၂၁) ဘွဲ့တံဆိပ် တော်ရ ဆရာတော်ကြီး (၁)ပါး၊ မဟာသဒ္ဒမ္မဇောတိကဓဇ(၁/၂၀၂၀) သီလရှင်ဆရာကြီး (၁)ပါးတို့အား ဘွဲ့တံ ဆိပ်တော်နှင့် အဆောင်အယောင်များ၊ လှူဒါန်းဖွယ်ရာများ၊ ၂၀၂၀-ပြည့်နှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆို အောင်မြင်တော်မူခဲ့ကြသော သာသနဓဇဓမ္မာစရိယဘွဲ့ရ ရဟန်းရှင်သာမဏေ (၁၂)ပါးနှင့် သီလရှင် (၁၀)ပါး စုစုပေါင်း(၂၅)ပါးတို့အား စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီးခွန်အောင်သွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထွန်းနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဘွဲ့တံဆိပ်တော်နှင့်လှူဒါန်းဖွယ်ရာများကို ဆက်ကပ် ပူဇော်လှူဒါန်းခဲ့ကြကြောင်း  သိရသည်။                                   

မင်းလွင်ဦး