YBS အမှတ် (၃၁) ယာဉ်၊ အပူရှိန်လွန်ကဲ၍ ဘက်ထရီဝါယာရှော့စ်ဖြစ်ကာမီးလောင်မှုဖြစ်ပွား

                                                                                             ရန်ကုန်   မေ   ၁၆

 

သန်လျင်နှင့် ရန်ကုန် ပြေးဆွဲလျက်ရှိသော  YBS အမှတ်(၃၁) ယာဉ်လိုင်းသည် ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်ခန့်က ဗိုလ်ချုပ်နေ၀င်းလမ်းနှင့် သန်လျင်မြို့မစျေးလမ်းထောင့် (ယခင်)ကြက်လျာစွန်းထောင့်တွင် အပူရှိန်လွန်ကဲ၍ ဘက်ထရီ ဝါယာရှော့စ်ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဘက်ထရီ ဝါယာရှော့စ်မီးလောင်မှုဖြစ်ပွားခြင်းကြောင့် လိုက်ပါစီးနင်းသူ ခရီးသည်တစ်ဦး တစ်ယောက်မျှ ထိခိုက်မှုမရှိဘဲ အချိန်မှီ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဘက်ထရီ ဝါယာရှော့စ် မီးလောင်မှုကို ယာဉ်မောင်း/ ယာဉ်နောက်လိုက်များနှင့် အနီးပတ်၀န်းကျင်ရှိ နေအိမ်များက ရေများဖြင့် ပက်ဖြန်း ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

စန္ဒာမိုး