ရန်ကင်း မေ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က ရန်ကင်းမြို့နယ် အမှတ် (၄) ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် အခြေခံပညာ ကျောင်းများဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်လုပ်ငန်း များ၊ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရေး၊ ကျောင်းများသန့်ရှင်း သာယာလှပစေရေး၊ မိဘဆရာအသင်းများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်ကွက် အုပ်ချုပ် ရေးမှူးများအား ပူးပေါင်းကူညီ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ကျောင်းများကို တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် လုံခြုံမှုရှိစေရေးအတွက် ဆောင်ရွက်ပေးမည့် အစီအစဥ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးကျော်ကျော်က ဆွေးနွေး ပြောကြား ခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များကကျောင်း များကြိုတင်ပြင်ဆင်နိုင်ရေးနှင့် လုံခြုံရေးတို့အတွက် လိုအပ်သည်များကို မေးမြန်းကြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ဆွေးနွေး ဖြေကြားခဲ့သည်။
အစည်းအဝေးသို့ ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးကျော်ကျော်၊ အဖွဲ့ဝင် ဦးမြင့်ဇော်၊ ရန်ကင်း မြို့နယ်ထွေ/အုပ် ဒုမြို့နယ် အုပ်ချုပ် ရေးမှူး ဦးအောင်ကျော်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှူး၊ မြို့နယ် ပညာရေးမှူး၊ မြို့နယ်ကျန်းမာရေးမှူးနှင့်ကျောင်းအုပ်ဆရာ၊ဆရာမများ၊ ရပ်ကွက် အုပ်ချုပ်ရေားမှူး များတက်ရောက်ခဲ့ ကြောင်းသိရသည်။
ထွေးလေး(ပြန်/ဆက်)