မိုးညို မေ ၁၇
ပဲခူးတိုင်းဒေသကြီး၊သာယာ၀တီခရိုင်၊မိုးညိုမြို့၊ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်အားကစား ကွင်းအတွင်း မိုးလုံလေလုံအားကစားရုံနှင့် အားကစား ကွင်းပွဲကြည့်စင် ဆောက်လုပ်လျက် ရှိ ကြောင်းသိရသည်။
မိုးညိုမြို့နယ်အတွင်း အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးလုံလေလုံအားကစားရုံနှင့် အားကစားပွဲလာရောက်ကြည့်ရှုသူများအား အဆင်ပြေ စွာ ကြည့်ရှုနိုင်ရေးအတွက် အားကစား ကွင်းပွဲကြည့်စင် ဆောက်လုပ်လျက်ရှိရာ အလျား ၁၂၀ ပေ၊ အနံ ၉၀ ပေရှိ မိုးလုံလေ လုံအားကစားရုံ တည်ဆောက်ခြင်းလုပ်ငန်းအား လင်းလက်မြကမ္ဘာကုမ္ပဏီမှ တာ၀န်ယူဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် ၁၇% ပြီးစီး၍၊ အလျား၁၀၀ပေ၊ အနံ ၂၀ပေ၊ (၂ထပ်)RC အားကစားပွဲကြည့်စင် တည် ဆောက်ခြင်းလုပ်ငန်းအား မြင့်မိုရ်ဆင်မင်းကုမ္ပဏီမှ တာ၀န်ယူဆောင်ရွက်လျက်ရှိရာ လုပ်ငန်း ၏ ၇%ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
ကိုမင်း(မိုးညို)