ဆိပ်ဖြူ သြဂုတ် ၇
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေဖြင့် မူကြိုကျောင်းလမ်းကို ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မူကြိုကျောင်းလမ်းသည် အရှည် ၂၇၀ ပေ၊ အကျယ် ၁၈ ပေ၊ ထု ၈ လက်မ (အထူ)ရှိ ကွန်ကရစ်လမ်းဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေကျပ် ၈၄သိန်းဖြင့် အများပြည်သူများ ရာသီမရွေး၊ အချိန်အခါမရွေး အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးနှင့် အရည်အသွေး ကောင်းမွန်၍ စံချိန်စံညွှန်းမီ ရေရှည်အသုံးပြု သွားလာနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကော်မတီအဖွဲ့တို့က တာဝန်ရှိသူများ ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုမျိုး(ယောဧရာ)