လားရှိုး မေ ၁၈
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင်၊ လားရှိုးမြို့ပေါ် ရပ်ကွက်(၁၂)ရပ်ကွက်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နေထိုင်မှုပုံစံစိစစ်၍ အသက်(၁၆)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားရန် ကျန်ရှိသူများအားစိစစ်အတည်ပြုခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်းမရှိသူများအား စိစစ်ဆောင်ရွက်ခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ လားရှိုးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေဦးဦးဆောင်၍ တိုက်နယ်မှူး ဝန်ထမ်းများနှင့် ရပ်/ကျေးတာဝန်ရှိသူများမှပူးပေါင်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
လာရှိုးမြို့ပေါ်ရပ်ကွက်(၁/၃/၅/၁၂)ရပ်ကွက်များသို့ လားရှိုးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ခရိုင်ဦးစီးမှူး ဦးစိုးလင်းအောင်နှင့်တာဝန်ရှိသူတို့က ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းများကို မေလ(၁၇)ရက်မှ ဇွန်လ(၃၁)ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်