ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ် -၁၉ စည်းကမ်းများနှင့်အညီ ပြန်လည် ဖွင့်လှစ်ဆောင်ရွက်

ဒဂုံမြောက် မေ ၁၉
 
ပြည်သူများ စာပေဗဟုတတိုးပွားစေရန်နှင့် အသိပညာရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ပြည်ထောင်စုလမ်းနှင့် ပင်လုံလမ်းဆုံရာ မဝတလမ်းဆုံရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ရုံးတွင် ဖွင့်လှစ်ဆောင်ရွက် လျှက်ရှိသည့် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တယာယီ ပိတ်ထား ခဲ့ရာ ယခုအခါ ကိုဗစ် -၁၉ စည်းကမ်း များနှင့်အညီ အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့ နံနက် ၀၉:၃၀ နာရီမှ ညနေ ၄:၃၀ နာရီ အထိ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိ သည်။
 
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် သုတ၊ ရသစာအုပ် ပေါင်း စာအုပ်(၁၁၅၄၇)အုပ် စုဆောင်းထားရှိပြီး မည်သူမဆိုအခမဲ့ လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။
 
မြင့်မြင့်ရီ (ဒဂုံမြောက်)