သဲကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ရည်မှန်းချက်နှင့် ပြဿနာ အထွေထွေ စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်

သဲကုန်း မေ ၁၉
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန Cimmunity Centre ခန်းမ၌ မေ ၁၉ ရက် နံက် ၉ နာရီခွဲအချိန်တွင် ပြည်သူများ အသိပညာတိုးပွားစေရန်နှင့် စာဖတ်ရှိန် မြှင့်တင်စေရန် ရည်ရွယ်၍ ကိုဗစ်- ၁၉ စည်းကမ်းချက်များနှင့်အညီ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်အတွင်းရှိ စာပေချစ်သူ စာဖတ်ပရိတ်သတ် များက စာရေးဆရာ အောင်သင်းရေးသားသော ရည်မှန်းချက်နှင့် ပြဿနာ အထွေထွေစာအုပ်ပါအကြောင်းအရာများကို အချင်းချင်း အမြင်ခြင်း ဖလှယ်သည့် အနေဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
နိုင်လင်း (သဲကုန်း)