ကျိုင်းတုံမြို့တွင် ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်

 

ကျိုင်းတုံ      မေ       ၁၉

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ကြောင်းသိရသည်။

 

ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဉက္ကဋ္ဌ ဦးရဲနိုင် က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြား သည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ခွဲမှ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်ရေးဆိုင်ရာများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း ဆိုင်ရာများ၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ တက္ကသိုလ်ကျောင်း များ ဖွင့်လှစ်ဆောင်ရွက်နေမှုအခြေအနေများနှင့် အခြေခံပညာကျောင်းများ အဆင်ပြေစွာ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများသတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆိုင်ရာများ စသည့်အချက်များ အား ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် တင်ပြဆွေးနွေးချက်များအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဉက္ကဋ္ဌက  လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)