စဉ့်ကိုင်မြို့နယ် စော်ရဲကျေးရွာ၌ ဘက်စုံသုံး ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်

စဉ့်ကိုင် မေ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စော်ရဲကျေးရွာ၌ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း စွမ်းရည်မြှင့်တင်ရေးအဖွဲ့မှ ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းကို ယနေ့ နံနက် နာရီက အဆိုပါကျေးရွာရှိ (SMU) ဘက်စုံသုံး ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းစွမ်းဆောင်ရည်မြှင့်တင်ရေး အဖွဲ့ခေါင်းဆောင် ဦးမျိုးသန့် က ကျေးလက်နေ ပြည်သူများ အသက်မွေး၀မ်းကျောင်း အထောက်အကူပြုနိုင်၍ ကုန်ကျစရိတ်လည်း သက်သာစေပြီး မိသားစု အပို၀င်ငွေများ ရရှိစေရန် ရည်ရွယ်၍ ဘက်စုံသုံးဆပ်ပြာဆီ သင်တန်းကို ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းဆရာမ ဒေါ်သီသီက ဆပ်ပြာဆီပြုလုပ်ရာတွင် လိုအပ်သည့် ပစ္စည်းများကို ရှင်းလင်း ပြောကြားခဲ့ပြီး သင်တန်းဆရာမ ဒေါ်ဆွေဆွေ၀င်းနှင့် ဒေါ်သီသီတို့က ဘက်ဆုံသုံးဆပ်ပြာဆီ ပြုလုပ်နည်း အဆင့်ဆင့်ကို အဖွဲ့ခွဲ၍ လက်တွေ့ပြသခဲ့ပြီး  အဆိုပါသင်တန်းသို့ သင်တန်းသူသင်တန်းသား (၄၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ညိုညို၀င်း(ပြန်/ဆက်)