အိမ်မဲမြို့နယ်တွင် အသက်(၁၃)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

အိမ်မဲ မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် Happy ဖူဆယ်ဘောလုံးကွင်း၌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော အသက်(၁၃)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့က စတင်ဖွင့်လှစ်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အသက်(၁၃)နှစ်အောက် အသင်း ၁၂ သင်းမှ ပါဝင်ယှဉ်ပြိုင်ကြပြီး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို မေလ ၂၂ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်စေရန်၊ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ မြို့နယ်အတွင်း ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရန်၊ အားကစားကို ချစ်မြတ်နိုးစေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပပေးခြင်း ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)