မိုင်းဆတ်မြို့၌ မိုးသက်လေပြင်းတိုက်ခတ်မှုဖြစ်ပွား

မိုင်းဆတ် မေ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မေလ (၁၈)ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်းတိုက် ခတ်မှုကြောင့် သဗ္ဗညုဆုတောင်းပြည့်စေတီတော်စိန်ဖူးတော်မြေခခဲ့ပြီး နေအိမ်(၄)လုံးထိခိုက် ပျက်စီးခဲ့ ကြောင်းသိရသည်။

အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျဒယ်ရပ်ကွက်ရှိ သဗ္ဗညုဆုတောင်းပြည့်စေတီတော် စိန်ဖူးတော်မြေခခဲ့ပြီး ပျက်စီးဆုံးရှုံးခဲ့သည့် စိန်ဖူးတော်၏တန်ဖိုးမှာ ငွေကျပ်(၁၂)သိန်းခန့်ရှိပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်းရှိ ဒုတိယဦးစီးမှူးနေအိမ် သွပ်မိုး၊ ပျဉ်ထောင်တစ်ထပ်အိမ် ခေါင်းမိုးတံစက်မြိတ်ပေါ်သို့ သစ်ပင်လဲကျထိခိုက်ပျက်စီးကာ မယ်ဆွမ်မြောက်ရပ်ကွက်၊ ဝမ်ကျောင်းရပ်ရှိ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ကာ(၂)ထပ်အိမ်တစ်လုံး၊ ကျတီကျေးရွာအုပ်စု၊ နောင်ဘိုကျေးရွာတွင် သွပ်မိုး၊ အုတ်ညှပ်၊ သွပ်ကာတစ်ထပ်အိမ်တစ်လုံးနှင့် သွပ်မိုး၊ ထရံကာ တစ်ထပ်အိမ် တစ်လုံး စုစုပေါင်းနေအိမ်(၄)လုံး အမိုးလန်ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်းငွေကျပ်(၈)သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့် တိရစာ္ဆန်ထိခိုက်မှုမရှိကြောင်း သိရသည်။

မြင့်မောင်