ဝေါ မေ ၁၉
ပဲခူးတိုင်းဒေသကြီး ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု ကူးစက်ခံရသူ (၃၉၅) ဦးရှိခဲ့ရာ အဆိုပါ ကူးစက်ခံရသူများထဲမှ သေဆုံးသူ (၅) ဦး ရှိခဲ့ကြောင်း ကူးစက်ခံရသူများအားလုံး ပြန်လည်ကျန်းမာ လာခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှု ဖြင့် ဌာနဆိုင်ရာဝန်ထမ်း ပထမအကြိမ်(၉၈၁)ဦးနှင့် ဒုတိယအကြိမ်တွင် (၈၃၄)ဦးတို့အား လည်းကောင်း၊ ဘုန်းတော်ကြီးများ ပထမအကြိမ် (၆၉၈)ဦးနှင့် ဒုတိယအကြိမ် (၆၁၉)ဦးတို့အား ကာကွယ်ဆေး ထိုးပေးခဲ့ပြီး မတ်လ ၁၂ ရက်နေ့က ဘုန်းတော်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အသက် (၁၈) နှစ်အထက် ဒေသခံပြည်သူများအား ပထမအကြိမ် COVISHELD ကာကွယ်ဆေး လူဦးရေစုစုပေါင်း (၂၉၀၇) ဦးအား ထိုးနှံပေးခဲ့သည်။
ဒုတိယအကြိမ် ဆေးထိုးရန် ကျန်ရှိသူ(၇၆၄)ဦးအား မေလ (၁၉)ရက်နေ့မှ မေလ(၂၀) ရက်နေ့အထိ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီး ဒေါက်တာ ကျော်မိုးနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများမှ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)