ဂန့်ဂေါ မေ ၁၉
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့ စည်ပင်သာယာရပ်ကွက် မြစ်ရှောင်လမ်းနှင့် အသောက လမ်းတို့ ကိုဆက်သွယ်သည့် အသောကလမ်းသွယ်(၂)တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလမ်းမှာအရှည်(၁၈၀)ပေ၊ လမ်းအကျယ်(၁၂)ပေရှိလမ်းကို ထု(၉)လက်မရှိ ကွန်ကရစ် လမ်းခင်းခြင်းဖြစ်ပြီး ဂန့်ဂေါမြို့နယ်စည်ပင် သာယာရေး အဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်(၄၀၀၀၀၀၀/-) ဖြင့် ၂၀၂၁ခုနှစ်၊ မေလ(၁၅)ရက်မှစတင်ကာ ဆောင်ရွက် နေခြင်းဖြစ်ကာ လုပ်ငန်းမမာဏ၏ ၅၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်၍ လုပ်ငန်းကို ၂၀၂၁ ခုနှစ် ဇွန် ၁၅ ရက်တွင် လုပ်ငန်းပြီးစီးနိုင်မည်ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းဆောင်ရွက်နေမှုအား စံချိန်စံညွှန်းမီဖြစ်ရေး နှင့် သတ်မှတ်ကာလတွင် ပြီးစီးနိုင်ရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ကျော်အောင် နှင့်အဖွဲ့က တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး တာဝန်ရှိ သူများ ကွင်းဆင်းကြီးကြပ်လျက်ရှိကြောင်း သိရသည်။
မျိုးမင်းသန်း