ကြံခင်း မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့ စာကြည့်တိုက် Facebook Page မှတစ်ဆင့် အရည်အသွေးပြည့်မှီသည့် ပုံပြောအစီအစဉ်များကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က ကြံခင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ အစီအစဉ်များ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ပထမဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှိုင်ပို့ပို့ဇင်မှ မြို့နယ်ရုံးရှိ ပြည်သူ့ စာကြည့်တိုက် Facebook Page မှတစ်ဆင့် စာကြည့်တိုက်ဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းများကို လှုပ်ရှား ဆောင်ရွက် လျက်ရှိသော ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ စက္ကူခေါက်ခြင်း၊ အိမ်တွင်းမှု လုပ်ငန်းများနှင့် စာအုပ်မိတ်ဆက်ခြင်းများကို WebsiteTV ရိုက်ကူးပြီး လွှင့်တင်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ အရည်အသွေး ပြည့်မီသည့် ပုံပြင်များ လွှင့်တင်နိုင်ရေးအတွက် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ(၁)မှစပြီး သတ်မှတ်ချက်နှင့်အညီ တစ်ခရိုင်လျှင် တစ်ဦးနှုန်း ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ခြင်း ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ကြသော ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်လေးများအား ပထမဆု ငွေကျပ်တစ်သိန်း၊ ဒုတိယဆု ငွေကျပ်ရှစ်သောင်း၊ တတိယဆု ငွေကျပ် ငါးသောင်းနှင့် အထူးဆု(၅)ဆုတွက် ငွေကျပ်နှစ်သောင်းစီ ချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်ကြသော ပုံပြင်များအား လူမှုဝန်ထမ်းဦးစီးဌာန၊ ပညာရေးဌာန၊ စာရေးဆရာအသင်း၊Book Club နှင့် Youth Club အဖွဲ့အစည်းများဖြင့် အကဲဖြတ်စိစစ်ပြီး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အမှတ်ပေး စိစစ်ရွေးချယ်သွားမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကြံခင်းမြို့နယ် ရေနံတောင်ကျေးရွာအုပ်စု (အ-ထ-က) ရေနံတောင်မှ မခြူးခြူးက စာရေးသူ-ဦးမြဟန်သိန်းမောင် ရေးသားပြီး မြတ်ပန်းရဂုံစာအုပ်မှ ကျေးဇူးတရားမေ့မထားနဲ့. အသိပညာပေး ပုံပြင်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)