မြစ်ကြီးနား မတ် ၂၉
လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြိုတင် တားဆီးရေးလုပ်ငန်းများအတွက် အသုံးပြုနိုင်ရန် ယမန်နေ့ မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးသို့ ငွေကျပ်သိန်း (၁၃ဝဝဝဝဝဝိ/-) တန်ဖိုးရှိ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်းခဲ့သည်။
အဆိုပါလှူဒါန်းပွဲတွင် ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာ ဝါရှောင်ဆရာတော် ဦးဝိဇေယကနှင့် အလှူရှင်များက ငွေကျပ်သိန်း (၁၃ဝဝဝဝဝဝိ /-) တန်ဖိုးရှိ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးသုံးပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ပြည်နယ်အထူးကုသမားတော်ကြီး ဒေါက်တာနေဝင်းက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
လှူဒါန်းရခြင်းနှင့်ပတ်သက်၍ မြို့ခံအလှူရှင်များနှင့် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ ပါဝင်လှူဒါန်းခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးနဲ့ ပတ်သက်တဲ့ စက်ကိရိယာတွေ၊ ဆေးဝါးဆိုင်ရာပစ္စည်းများကိုမှာယူပြီး အခုလိုလှူဒါန်းရခြင်းဖြစ်ကြောင်း သိရသည်။
စိန်ဝင်း (ပြန်/ဆက်)