တုံတာမြို့အခြေခံပညာအထက်တန်းကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စနစ်တကျလိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

တုံတာ       ဩဂုတ်   

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊  မိုင်းပျဉ်းမြို့နယ်၊   တုံတာမြို့ပေါ်ရှိ  အခြေခံပညာ အထက်တန်းကျောင်းနှင့် နောင်ကွဲအုပ်စု၊ ပန်တားလေ အထက်တန်းကျောင်းများ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်း ချက်များနှင့် အညီ စနစ်တကျလိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိအခြေအနေများကို ကျောင်းကျန်းမာ ရေး တာဝန်ရှိသူများက ယနေ့နံနက် (၁၀)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တုံတာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဆလိုင်းတင့်နိုင်ဝင်း၊ တုံတာမြို့ အမျိုးသမီးကျန်းမာရေး ဒေါ်နန်းလှအေးနှင့် တာဝန်ရှိသူ များက ကျောင်းသား၊ ကျောင်းသူများ ကျောင်းအတွင်း မဝင်မီလက်ဆေးဘေစင်၊ လက်သန့်ဆေးရေ များဖြင့် လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်း၊ Face shield မျက်နှာကာများ စနစ် တကျတပ်ဆင်ထားခြင်း ရှိ/မရှိနှင့် ကျောင်းသားမိဘများ ကျောင်းသို့မလာမီနှင့် လာရောက်စဉ် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင် ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         

လှိုင်လှိုင်ငြိမ်း (ပြန်/ဆက်)