မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာထားရှိမှုအား ရက်တိုးမြှင့် သတ်မှတ်

သဲကုန်း  ဩဂုတ်  ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်စာရင်းများကို   ၂၀၂၀-ပြည့်နှစ်  ဇူလိုင်လ (၂၅)ရက်နေ့မှ ဩဂုတ်လ (၇)ရက်နေ့ အထိ  သဲကုန်းမြို့နယ်အတွင်းရှိ   ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ပထမအကြိမ် (၂)ပတ် ကြာ ကပ်ထားကြေညာပေးလျက်ရှိပါသည်။

ထိုသို့  မဲဆန္ဒရှင်စာရင်းများ  ကပ်ထား‌ကြေညာပေး‌နေစဉ်  ကာလအတွင်း မဲဆန္ဒရှင်စာရင်းများ ပိုမိုပြည့်စုံ မှန်ကန် စေရန်နှင့် မဲဆန္ဒရှင်များမှ   လိုအပ်သည့်   တောင်းဆိုမှု၊   ကန့်ကွက်မှု၊  ပြင်ဆင်မှုများ ဆောင်ရွက်ရန်အတွက် အချိန် ပိုမိုရရှိစေရန်ရည်ရွယ်၍ (၈-၈-၂၀၂၀)ရက်နေ့မှ   (၁၄-၈-၂၀၂၀) ရက်နေ့အထိ  (၇)ရက်    ထပ်မံတိုးမြှင့် ကပ်ထား     ကြေညာသွားမည်ဖြစ်ကြောင်း   မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရှိရသည်။

နိုင်လင်း(ပြန်/ဆက်)