မိုင်းဖြတ် သြဂုတ် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်း ဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ ပေးအပ်သည့်အခမ်းအနားကို သြဂုတ်လ ၇ရက် မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အခြေခံစားသောက်ကုန်များ ပေးအပ်ရခြင်း နှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၊ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မိုင်းယောင်းမြို့နယ်အုပ်ချုပ် ရေးမှူး ဦးညီညီဝင်တို့က မိုင်းဖြတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင် နေကြ သည့် ဝန်ထမ်း၅၀ဦးနှင့် အငြိမ်းစားဝန်ထမ်း ၈ ဦးတို့အား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ကုလားပဲ၊ ကြက်သွန်နီ တို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)