ချောက် ဩဂုတ် ၇
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ လက်ပံကျွန်းအုပ်စု ကျွန်းသစ်အရှေ့ ကျေးရွာမူလတန်းကျောင်း ကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးမှုကို ယနေ့နံနက် ၁၀နာရီအချိန်က မြို့နယ်အရည်အသွေးစစ်ဆေးရေးကော်မတီမှ သွားရောက်ကြည့်ရှု ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ ကျွန်းသစ်အရှေ့ မူလတန်းကျောင်း၊ ကျောင်းဆောင်သစ်သည် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ပညာရေးဌာန ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၅. ၂၀၀ ကျပ်သန်းဖြင့် ဇွဲရဲရင့်ကုမ္ပဏီမှ တစ်ထပ်ခြေတံရှည်ပျဉ်ခင်း ပျဉ်ကာ သွပ်မိုး အလျား ပေ၆၀၊ အနံ ၃၀ပေဆောက်လုပ်ခဲ့ရာ ၂၀၂၀ ခုနှစ် ဩဂုတ် လတွင် ၁၀၀ ရာခိုင်နှုန်းပြီးစီး၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂)ဦးစိုး၀င်းနှင့် မြို့နယ်အရည်အသွေးစစ်ဆေးရေးကော်မတီမှ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)