တောင်တွင်းကြီးမြို့တွင် နိုင်ငံသားစိစစ်ရေးကဒ်ပြားများကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေး

တောင်တွင်းကြီး ဩဂုတ်

 ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ()ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူတိုင်း ဆန္ဒမဲ ပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ဆောင်ရွက်ပေးခြင်းကို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၀န်ထမ်းများက ဇူလိုင်လ (၁၅)ရက် နေ့မှ စတင်ကာ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် ကျေးရွာအုပ်စု(၇၂)အုပ်စုရှိပြီး  ယနေ့အထိ ကျေးရွာအုပ်စု(၂၀)အုပ်စုမှ နိုင်ငံသား စိစစ်ရေး ကဒ်ပြားပြုလုပ်သူ ကျား (၂၉၉)ဦး၊ (၃၄၈)ဦး စုစုပေါင်း (၆၄၇)ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိနေသည့် ကျေးရွာအုပ်စုများအား ဆက်လက်ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်းနှင့် ကျေးလက်နေပြည်သူများ နိုင်ငံသားအခွင့်အရေးပြည့်ဝစွာရရှိပြီး နိုင်ငံသားစိစစ်ရေးကဒ်ပြား၏ တန်ဖိုးကို သိရှိနားလည် စေရန် ရည်ရွယ်၍ဆောင်ရွက်ပေးခဲ့ခြင်းကြောင်း  မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းသိန်း၏ ပြောပြ ချက်အရ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)