မိုင်းပန် ဩဂုတ် ၇
၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပသွားနိုင်ရေးအတွက် မိုင်းပန်မြို့နယ် အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်ဆုံးရှုံးမှု မရှိစေရန် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်း လုပ်ငန်းများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးတွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ပထမအကြိမ်မဲစာရင်း ကပ်ထားကြေငြာသည့် ကာလအတွင်း ကြိုးပမ်းလုပ်ဆောင် ပေးလျက်ရှိကြောင်း သိရ သည်။
၂ဝ၂ဝပြည့်နှစ် နိုဝင်လာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးကြမည့် မဲဆန္ဒရှင်ပြည်သူများတွင် နိုင်ငံသား စိစစ်ရေး ကတ်ပြားရှိရန် လိုအပ်သည့်အတွက် အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများ၊ ရှိပြီးပျက်စီး၊ ပျောက်ဆုံးမှုများအား ပြန်လည်လုပ်ဆောင်ပေးခြင်း လုပ်ငန်း များအပြင် အိမ်ထောင်စုလူဦးရေစာရင်းလုပ်ငန်းများကိုလည်း တစ်ပါတည်းဆောင်ရွက်ပေးလျက်ရှိရာ ပထမအကြိမ် မဲစာရင်း ကပ်ထားကြေငြာသည့် ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ ကြိုးစားဆောင်ရွက်ပေးလျက်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်၏ ပြောကြားချက်အရ သိရသည်။
မိုင်းပန်(ပြန်/ဆက်)