ဟိုပုံး သြဂုတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ၂၀၁၉ − ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် Village Revolving Fund Project စီမံကိန်းဖြင့်ဆောင်ရွက်သော ဒေသခံပြည်သူများအား ရန်ပုံငွေထုတ်ချေးပေးအပ်ခြင်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ဟိုပုံး မြို့နယ်၊ လွယ်အွန့်ကျေးရွာအုပ်စု ၊ ဝါးဆို့ကျေးရွာ ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ရန်ပုံငွေထုတ်ချေးပေးအပ်ရာတွင် လွယ်အွန့်ကျေးရွာအုပ်စု၊ ဝါးဆို့ကျေးရွာ (type3) တွင် စိုက်ပျိုးရေးလုပ်ကိုင်သူ (၁၀)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ(၃)ဦး၊ စုစုပေါင်း (၁၃)ဦးအတွက် VRFP စီမံကိန်းရန်ပုံငွေကျပ်သိန်း (၁၀၀)အား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများ ထံ အသီးသီး ထုတ်ချေးပေးအပ်ခဲ့ကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)