မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့တွင် ဧရာဝတီမြစ်ရေဝင်ရောက်၍ ပြောင်းရွှေ့နေထိုင်သူများအား ဆန်ရိက္ခာငွေများပေးအပ်

ကံမ ဩဂုတ် ၇

မကွေးတို်ငးဒေသကြီး၊    သရက်ခရိုင်၊    ကံမမြို့နယ်တွင်    ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့်  နေအိမ်စွန့်ခွာ ၍ ယာယီကယ်ဆယ်ရေးစခန်းများနှင့် နီးစပ်ရာ ဆွေမျိုးများ၏ နေအိမ်များတွင် ပြောင်းရွှေ့နေထိုင်ကြသူများ အား ယနေ့ မွန်းတည့် ၁၂ နာရီ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာငွေများ အား မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပေးအပ်ရာတွင် အမှတ်(၂)ရပ်ကွက်၊  ကျွန်းကလေးကျေးရွာ၊  ဂျွန်းတောင်ကျေးရွာနှင့် မြဝတီကျေးရွာတို့မှ အိမ်ထောင်စု(၉၀)၊ လူဦးရေ ၃၁၄ ဦးအတွက် တစ်ဦးလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့်ခြောက်သိန်းငါးသောင်း ကိုးထောင့် လေးရာကျပ်အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြတ်ကျော်နှင့် သရက်ခရိုင် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလျန်းခင်းဆုမ်းတို့က ရပ်ကွက် ကျေးရွာ စာရေးဝန်ထမ်းများမှ တဆင့် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ကျော်ဇေယျဝင်း(ကံမ)