ပွင့်ဖြူ ဩဂုတ် ၇
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် သက်တမ်းတိုးစနစ်ဖြင့် လေလံဆွဲဝယ် ယူရန် ဆန္ဒမပြုသော အရပ်ရပ်အခွင့်အရေးလိုင်စင်(၂၄)ခုအား ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းက အဖွင့်အမှာစကား ပြောကြားပြီး ၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ဆွေဆွေဝင်းက ရောင်းချမည့်အရပ်ရပ်အခွင့်အရေး လိုင်စင်အမျိုးအစားများနှင့် လေလံစည်းမျဉ်းစည်းကမ်းချက် များကို ချပြရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် သက်တမ်းတိုးစနစ်ဖြင့် လေလံဆွဲ ဝယ်ယူရန် ဆန္ဒမပြုသော အရပ်ရပ် အခွင့်အရေးလိုင်စင်(၂၄)ခုအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခဲ့ရာ ဆောင်ရွက် လုပ်ကိုင်လိုသော လုပ်ငန်းရှင်များက ဈေးပြိုင်စနစ်ဖြင့် ဝယ်ယူခဲ့ကြကြောင်း သိရသည်။
အဆိုပါ အရပ်အရပ်အခွင့်အရေးလိုင်စင်(၂၄)ခုအနက် ဈေးပြိုင်စနစ်ဖြင့် ရောင်းချရာတွင် လယ်ကိုင်းကျေးရွာရှိ ဝက်ခုံ(၁) နှင့် ဝက်ခုံ(၂) လုပ်ငန်းလိုင်စင်(၂)ခုအား ဈေးပြိုင်စနစ်ဖြင့် ရောင်းချနိုင်ခဲ့ပြီး ကျန်ရှိသည့် အရပ်အရပ်အခွင့် အရေးလိုင်စင် (၂၂)ခုအား ဩဂုတ် ၁၃ ရက်နေ့တွင် စတုတ္ထအကြိမ် ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )