ကျောက်တန်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်သော အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေ

ကျောက်တန်း   ဩဂုတ်   

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နှင့် ပတ်သက်သောအသိပညာပေး လက်ကမ်းစာစောင်များ၊ ပိုစတာများကို ယနေ့နံနက်က လူစည်ကားရာနေရာတွင် အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ လက်ကမ်းစာစောင်နှင့် ပိုစတာများတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ() ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကျင်းပရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး၊ မဲဆန္ဒရှင်များ စာရင်းတွင် မိမိနာမည်ပါ/ မပါ သွာရောက်ကြည့်ရှုစစ်ဆေးကြရန်၊ မကြာခဏမေလေ့မေးထရှိသော မဲဆန္ဒရှင် စာရင်း ဆိုင်ရာ မေးခွန်းနှင့်အဖြေများ၊ မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်မပါဝင်ပါက ဆောင်ရွက်ရမည့် အချက်များနှင့် မပါဝင်သင့် သူ ပါဝင်နေပါက ပယ်ဖျက်ရန် ဆောင်ရွက်ရမည့် အချက်များ စသည်တို့ကို ဖော်ပြထားကြောင်း သိရသည်။

ထိုသို့ဖြန့်ဝေရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးမှူး ဒေါ်ခင်ဆွေဝင်းနှင့် ဝန်ထမ်းများက အသိပညာပေး လက်ကမ်းစာစောင်များကိုမြို့မဈေး ရှိ ဈေးသည်များ၊ ဈေးဝယ်လာ ပြည်သူများ၊ လက်ဘက်ရည်ဆိုင်များ၊ ကားဂိတ်များ၊ကယ်ရီဂိတ်များနှင့် ကျောက်တံတား ဆိပ်ကမ်းသို့ လိုက်လံဖြန့်ဝေပေးပြီး ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ ထံသို့လည်းဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ခင်ဆွေဝင်း(ကျောက်တန်း)