ကျိုက်မရော သြ ဂုတ် ၇
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်အတွင်းရှိရပ်ကွက်နှင့် ကျေးရွာအသီးသီးတွင် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ (၂၅)ရက်နေ့မှသြဂုတ်လ(၁၄)ရက် ထိ ရက်ထပ်တိုး၍ ကြေညာပေးလျက်ရှိရာ အဆိုပါမဲစာရင်းများ၌ အချက်အလက်များ မှန်ကန်ပြည့်စုံမှုရှိစေရေးအတွက် ပြည်သူများလာရောက်ကြည့်ရှု၍ ပြင်ဆင်ရန် ရှိသည့် အချက်အလက်များကို လာရောက် ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်အနေဖြင့် ပြင်ဆင်ရန်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ပြင်ဆင် လျှောက်ထားလျက်ရှိကြောင်း၊ သြဂုတ်လ ၆ရက်နေ့ ညနေပိုင်းထိ မဲစာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့် လျှောက်ထားသူ ၂၇၇ဦး၊ မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူ တစ်ဦးပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်သူ၇၃ဦး၊ ကိုယ်ရေးအချက် အလက်မှားယွင်းပါကပုံစံ(၄-ဂ)ဖြင့် လျှောက်ထားသူ ၁၅၆ဦး ရှိပြီး ကျိုက်မရောမြို့နယ်၌ မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရူသူစာရင်းမှာ ယနေ့ထိ (၁၇၁၉၆)ဦး ရှိပါကြောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်အိသဲလင်းထံမှသိရှိရသည်။
ချိုချို(ပြန်/ဆက်)