ချင်းရွှေဟော် ဩဂုတ် ၇
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဩဂုတ်လ ၆ ရက်နေ့၊ ညနေ(၆)နာရီ အချိန်က(၈)ဉီး နှင့် ယနေ့ မွန်းလွဲ(၃)နာရီအချိန်က(၄၀)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၄၈)ဉီး ထပ်မံ ဝင် ရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၄၈)ဉီးတို့မှာ အမျိုးသား(၃၇)ဉီး၊ အမျိုးသမီး(၁၁)ဉီးတို့ဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီးမှ(၁၇)ဉီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ(၁၉)ဉီး၊ မကွေးတိုင်းဒေသကြီးမှ(၂)ဉီး၊ ကချင်ပြည်နယ်မှ(၁)ဉီး၊ မွန်ပြည်နယ်မှ (၁)ဉီး နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ မြို့နယ်များမှ(၈)ဉီးတို့ဖြစ်ကြကာ ၎င်းနေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီအဖွဲ့က ကျန်းမာရေးစစ်ဆေးပေးခြင်း၊ နှာခေါင်း စည်း (Mask)များ အခမဲ့ ဖြန့်ဝေပေးခြင်းနှင့် သက်ဆိုင်ရာဒေသများသို့ပြန်လည်ရောက်ရှိစေနိုင်ရေးအတွက် မော်တော်ယာဉ် များ စီစဉ်ပေးပြီး လားရှိုးမြို့သို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ချင်းရွှေဟော်နယ်စပ်ဂိတ်မှဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေး လျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား (၇၉၀၇)ဉီး နှင့် အမျိုးသမီး(၆၃၃၁)ဉီး တို့ဖြစ်ပြီး စုစုပေါင်းနေရပ်ပြန် ပြည်သူ (၁၄၂၃၈) ဉီး တို့ကို လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)