နာဂဒေသ လဟယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်စတင်လက်ခံ

လဟယ် မေ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့‌ ‌ပေါ် ရပ်ကွက်ကျောင်းများရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း တက်ရောက်ကြမည့် ကျောင်းသားကျောင်းသူများကို ယနေ့နံနက်(၉) နာရီ မှ စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း
သိရပါသည်။
လဟယ်မြို့နယ်အတွင်းရှိကျေးရွာပေါင်း(၉၇)ရွာရှိပြီး ထက်၊ လယ်၊ မူ ကျောင်းပေါင်း(၁၀၄)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁)ကျောင်း
စုစုပေါင်း(၁၀၅)ကျောင်းရှိပြီး အဆိုပါကျောင်းများတွင် တက်ရောက်မည့် ကျောင်းသား/သူများကို မေလ ၂၄ ရက်နေ့မှ(၃၁ )ရက်နေ့ထိ နံနက် (၉)နာရီမှ ညနေ (၃) နာရီထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့မြို့ပေါ်ရပ်ကွက်ရှိကျောင်း‌များအပ်နှံလက်ခံဆောင်ရွက်နေမှုကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်းနှင့်အဖွဲ့၀င်များ၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များမှ ယနေ့ နံနက်(၁၀)နာရီအချိန် လဟယ်မြို့ အထက်တန်းကျောင်းကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီးလိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။
ပါမင်းလှိုင်(လဟယ်)