လသာမြို့နယ်အခြေခံပညာကျောင်းများတွင်ကျောင်းအပ်နှံမှုစတင်လက်ခံ

 

လသာ  မေ ၂၄

ပညာရေးဝန်ကြီးဌာန၏၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာအထက်တန်း၊အလယ်တန်း၊မူလတန်း ကျောင်း များကို ၂၀၂၁ခုနှစ်ဇွန်လ()ရက်နေ့မှစ၍ ပုံမှန်စာသင်နှစ်အတိုင်းဖွင့်လှစ်မည်ဖြစ်ရာ လသာမြို့နယ်  အတွင်းရှိ အခြေခံ ပညာကျောင်းများကိုယနေ့နံနက်( ၉း၀၀ နာရီ  )အချိန်မှစ၍ ကျောင်းအပ်နှံမှုများကို စတင် လက်ခံ နေပြီဖြစ်ကြောင်းသိရသည်၊၊  

အဆိုပါကျောင်းအပ်နှံမှု လက်ခံခြင်း စတင်ဆောင်ရွက်လျှက်ရှိရာ နေရာများသို့၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယ တိုင်းမှူးဗိုလ်ချုပ်ဝင်းမြင့်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးလှစိုးဦးဆောင် သော အဖွဲ့သည် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ကျောင်းတွင်း၊ကျောင်းပြင်လုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေ အနေ များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်၊၊

ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၁ခုနှစ်မေလ၂၄ရက်တနင်္လာနေ့မမေလ၃၁ရက်နေ့ တနင်္လာနေ့အထိ  သတ်မှတ် ထားပြီး ယင်းကာလအတွင်းကျောင်းအပ်နှံကြရန်နှင့် ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးခမျှ  လုံး၀ ကောက်ခံမှုမရှိကြောင်းကျောင်းအပ်နှံသည့်ကျောင်းသားအာလုံးကို ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများနှင့် ကိုဗစ်-၁၉ကြိုတင်ကာကွယ်ရေးအတွက် Maskနှင့်Faceshieldများကို အခမဲ့ ထောက်ပံ့ ပေးသွား မည်ဖြစ်ကြောင်းသိရပြီးလသာမြို့နယ်တွင်အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း()ကျောင်း ရှိကြောင်းသိရသည်၊၊

မြို့နယ်(ပြန်/ဆက်)