ဝါးခယ်မ၊ မေ၂၄
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် မေလ ၂၄ ရက်နေ့မှ ၃၁ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အတွင်း ကျောင်းအပ် လက်ခံလျက် ရှိကြောင်းသိရသည်။
အဆိုပါ ကျောင်းအပ်နှံရေးနေ့များတွင် ကျောင်းလာရောက်အပ်နှံသူ ကျောင်းသားကျောင်းသူများအား မည်သည့်အခကြေး ငွေမျှ ကောက်ခံမှုမရှိဘဲ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ဘောပင်၊ခဲတံ၊ Maskနှင့်Face shield တို့ကို နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့ပေးခဲ့ကြောင်း သိရပါသည်။
ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ကျောင်းအပ်နှံ နိုင်ရေးအတွက် ဝါးခယ်မမြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များမှကျောင်းများတွင် လုံခြုံရေး ဆောင်ရွက်ထားရှိမှုများ၊ ကျန်းမာရေးနှင့်အညီ ဆောင်ရွက်ထားရှိမှုများကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းလာ ရောက်အပ် နှံသူ ကျောင်းသား မိဘများ၊ကျောင်းသား/ ကျောင်းသူ များ ၊ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီးအားပေး စကားပြောကြားခဲ့ကြောင်း သိရသည်။
စောသန္တာဦး(ပြန်/ဆက်)