မင်္ဂလာဒုံမြို့နယ်တွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် ဘုန်း​တော်ကြီးသင်ပညာ​ရေး​ကျောင်းများတွင် ​ကျောင်းအပ်နှံ

ရန်ကုန်မေ ၂၄

ရန်ကုန်​မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အထက်တန်း​ကျောင်းနှင့် အထက်တန်း​ကျောင်းခွဲ(၁၂)​ကျောင်း၊ အလယ်တန်း​ကျောင်းနှင့် အလယ်တန်း​ကျောင်းခွဲ (၁၃)​ကျောင်း၊ မူလတန်း​ကျောင်းနှင့် မူလွန်​​ကျောင်း(၂၇)​ကျောင်း၊ ဘုန်း​တော်ကြီးသင် ပညာ​ရေး​ကျောင်း(၂၂)​ကျောင်း စုစု​ပေါင်း(၇၄)​ကျောင်းတွင် ယနေ့နံနက် ၉:၀၀နာရီအချိန်မှစ၍  ကျောင်းသူ/​ကျောင်းသားများ  ​ကျောင်းလာ​ရောက် အပ်နှံလျက်ရှိ​​​ကြသည်။

ကျောင်းအပ်နှံရာတွင် ကျောင်းသုံးပြဌာန်းစာအုပ်/ ဗလာစာအုပ်/ ​ဘောပင်/ ခဲတံ/ နှာ​ခေါင်းစည်း (Mask) နှင့် မျက်နှာအကာ(Face shield)တို့ကို နိုင်ငံ​တော်မှ အခမဲ့ထောက်ပံ့ပြီး ကျောင်းလခ /မိဘဆရာ အသင်း​ကြေး/အားကစား​ကြေး/စာ​ရေးကိရိယာ​ကြေးနှင့် စာကြည့်တိုက် အသင်းဝင်​ကြေး အပါအဝင် မည်သည့် အခကြေး​ငွေကိုမျှ လုံးဝမကောက်ခံ​ကြောင်း ​​​သိရှိရသည်။

မျိုးသန့် (ပြန်/ဆက်)