ဘားအံ မေ ၂၄
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာနှစ် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခြင်းကို ယနေ့ နံနက်ပိုင်းက စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပထမရက်အဖြစ် စတင် ကျောင်းအပ်ခြင်းများကိုဆောင်ရွက်ကြတာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကြောင့် စာသင်ကျောင်းများ ယာယီရပ်ဆိုင်းထားရှိရာမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံ ကျောင်းများကို မေလ ၂၄ ရက်မှ ၃၀ ရက်နေ့အထိ ကျောင်းအပ်နိုင်ရေး သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံကာ ဇွန်လ(၁)ရက်နေ့တွင် ကျောင့်ဖွင့်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းအပ်နှံရာတွင်ကျောင်းသုံးပြဋ္ဌာန်းစာအုပ်(၁)စုံ၊ ကျောင်းသုံးဗလာစာအုပ်(၆)အုပ်၊ MASK (၂) ခု နှင့် FACESHIELD (၁) ခု တို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အခြေခံပညာကျောင်း များ အား ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နေမျိုးလွင်(ပြန်/ဆက်)