ရန်ကုန် မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများ စိတ်အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းအချိန်မှစတင်ကာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ် လက်ခံ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးနေမှု အခြေ အနေ များအား မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၌ အခြေခံ ပညာကျောင်းသား/သူဦးရေ(၁၂၁၂၆)ဦးကို ကျောင်းအပ်လက်ခံပညာသင်ကြားပေးနိုင်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ပညာ သင်နှစ်မှာတော့ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း မြင့်မားနေတဲ့အတွက် အခြေခံပညာ ကျောင်း တွေကို အချိန်တစ်နှစ်ခန့်ပိတ်ထားခဲ့ရပြီး ယခု ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာတော့ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ တက်ရောက်မည့်ကျောင်းသားနှင့် ဆရာ/ဆရာမ အရေ အတွက်ပေါ် မူတည်ပြီး A , B , C , D အဆင့်အလိုက် ဖွင့်လှစ်ပညာသင်ကြားပေးသွားမည်ဖြစ်ပြီး ကျောင်း အပ်လက်ခံရာတွင် မည်သည့် အခကြေးငွေမှ လက်ခံခြင်းမရှိဘဲ ကျောင်းသုံးပြဋ္ဌန်းစာအုပ် ၊ ဗလာစာအုပ်၊ ဘောပင်/ခဲတံ၊ နှာခေါင်းစည်း ( Mask )နှင့် မျက်နှာကာ (Face shield)တို့ကို နိုင်ငံတော်မှ (အခမဲ့) ထောက်ပံ့ ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)