အခြေခံပညာကျောင်းများ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် စတင်ကျောင်းအပ်လက်ခံလျက်ရှိ

 

ကဝ မေ ၂၄

ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဉီးစီးဌာန ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝ မြို့နယ်တွင်  ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်၊ အခြေခံကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက်  ကြိုတင်ဆောင်ရွက် ပြီးဖြစ်သဖြင့်  ၂၄..၂၀၂၁ ရက်နေ့    နံနက် ()နာရီမှ စတင်၍ ကျောင်းသား ကျောင်းသူများအား သက်ဆိုင်ရာကျောင်းအသီးသီးတွင် ကျောင်းအပ် လက်ခံပေးလျက် ရှိကြောင်း သိရသည်။

ကျောင်းအပ်လက်ခံရာတွင် ကျောင်းသားမိဘများထံမှ  ငွေကြေးကောက်ခံခြင်းမရှိဘဲ ကျောင်းသား ကျောင်းသူ များအတွက်  Mask     Face Shield နှင့် ကျောင်းသုံးပြဌာန်းစာအုပ်၊    ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ တို့ကို ထောက်ပံ့ ပေးလျက် ရှိကြောင်း သိရသည်

ထိုသို့ ကျောင်းအပ်လက်ခံခြင်းကို မေလ(၂၄) ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ နေ့စဉ်နံနက် (:၀၀) နာရီမှ(၁၂:၀၀)နာရီ အထိလက်ခံဆောင်ရွက်ပေးသွာမည် ဖြစ်ပြီး  ကျောင်းအပ်လက်ခံ ပေးလျက်ရှိသည့်   အခြေခံ ကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊  မီးသတ်တပ်ဖွဲ့ဝင်များနှင့်   ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်